Knowledge

ဇာတ်ပို့ဇာတ်ရံတွေအတွက် ပေးတဲ့ ထောက်ပံ့ကြေးငွေလေး မရခဲ့ကြောင်း ရင်ဖွင့်ခဲ့တဲ့ မျိုးမျိုးခိုင်

Written by Admin

ဇာတ်ပို့ဇာတ်ရံတွေအတွက် ပေးတဲ့ ထောက်ပံ့ကြေးငွေလေး မရခဲ့ကြောင်း ရင်ဖွင့်ခဲ့တဲ့ မျိုးမျိုးခိုင်

ပရိသတ်ကြီးတို့ရေ ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင် မျိုးမျိုးခိုင်ကတော့ အရင်ဗီဒီယိုခေတ်ထဲက ပရိသတ်တွေရဲ့ ထောက်ခံအားပေးမှုကို တခဲနက်ရရှိထားတဲ့ ဟာသသရုပ်ဆောင် တစ်ယောက်ပဲ ဖြစ်ပါတယ်။ မမျိုးမျိုးခိုင်တစ်ယောက် အခုလို ကိုဗစ်ကာလ ကားရိုက်တွေနားထားတဲ့ အချိန်မှာတော့ အခြားသရုပ်ဆောင်များနည်းတူ အွန်လိုင်းမှာ Live လွှင့်ပြီး ဈေးရောင်းပေးနေတာပဲ ဖြစ်ပါတယ်။

ဒီအင်တာဗျူးလေးကိုတော့ မမျိုးမျိုးခိုင်က ရုပ်ရှင်အစည်းအရုံးအနေနဲ့ အကူအညီလိုအပ်နေသူ ဇာတ်ပို့ဇာတ်ရံတွေကို လှူဒါန်းငွေပေးအပ်တဲ့ အစီအစဉ်လေးကို လာရောက်ရင်း ဖြေကြားပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒီအင်တာဗျူးမှာတော့ မမျိုးမျိုးခိုင်တစ်ယောက် အစည်းအရုံးကို ဓာတ်ပုံပို့မထားတဲ့အတွက် ဇာတ်ပို့၊ ဇာတ်ရံထောက်ပံ့ကြေးကို မရရှိခဲ့တဲ့အကြောင်း ရင်ဖွင့်ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။

သူမအနေနဲ့ ရုပ်ရှင်အစည်းအရုံးက ပေးအပ်တဲ့ ထောက်ပံ့ကြေးငွေကိုတော့ ရရှိခဲ့ပြီး ဇာတ်ပို့၊ဇာတ်ရံတွေအတွက် သီးသန့်လှူဒါန်းငွေကို မရရှိခဲ့တာလို့လည်း ဆက်လက်ရှင်းပြပါတယ်။ အရင်လတွေတုန်းက တာဝန်ရှိသူတွေအနေနဲ့ ဇာတ်ပို့၊ဇာတ်ရံတွေကို ဓာတ်ပုံယူလာပေးဖို့ တောင်းခံခဲ့ပေမယ့် ကိုဗစ်ရောဂါကြီး ဖြစ်နေခဲ့တဲ့အတွက် ဓာတ်ပုံလာပေးဖို့ အခက်အခဲရှိခဲ့တာ ဖြစ်တယ်လို့ မျိုးမျိုးခိုင်က ဆိုပါတယ်။

ယခုတော့ မမျိုးမျိုးခိုင်တစ်ယောက် ဓာတ်ပုံလာပေးထားခြင်း မရှိတဲ့အတွက် ဇာတ်ပို့၊ဇာတ်ရံအတွက် သီးသန့်ထောက်ပံ့ကြေးငွေကို မရရှိခဲ့တာပဲ ဖြစ်ပါတယ်။

“ဓာတ်ပုံလာပေးဖို့အတွက်က ကိုယ်လည်း ဒီကိုမရောက်ဖြစ်ဘူးလေ… ဒါလေးတော့ နားလည်ပေးရမှာပေါ့… ရပါတယ် ပိုက်ဆံနှစ်သောင်းလောက်ကတော့ ဘာမှမဖြစ်ပါဘူး”

မမျိုးမျိုးခိုင်က ရုပ်ရှင်အစည်းအရုံးကိုတော့ ဆန်၊ဆီ၊ဆေးဝါးတွေ လှူဒါန်းပေးတဲ့အတွက် ကျေးဇူးတင်စကား ဆိုထားပါတယ်။

ဒီကာလအတွင်းမှာတော့ မျိုးမျိုးခိုင်တစ်ယောက် ရဲလေးမရဲ့ လမ်းညွှန်ချက်နဲ့ အွန်လိုင်းကနေဈေးရောင်းတဲ့ လုပ်ငန်းကို စတင်လုပ်ကိုင်လာခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာတော့ ရဲလေးမနဲ့ အတူမဟုတ်တော့ပဲ သက်သက်စီ လုပ်ကိုင်နေကြပြီလို့ သိရပါတယ်။

အစပိုင်းမှာတော့ ကင်မရာကိုမကြည့်တတ်တာရယ် နည်းပညာနဲ့ အကျွမ်းတဝင်မရှိတာရယ်ကြောင့် အခက်အခဲနည်းငယ်ရှိခဲ့ပေမယ့် အခုဆိုရင် မမျိုးတို့က သွက်သွက်လက်လက်ပြောတတ်ဆိုတတ်တဲ့အတွက် အရမ်းရောင်းလာရတယ်လို့ ပြောပါတယ်။

အခုလို ကိုဗစ်ကာလအတွင်းမှာ Live လွှင့်ပြီး ဈေးရောင်းတယ်ဆိုတာမျိုးက ခဏပေါ်ပင်သဘောမျိုးဖြစ်ပြီး ဈေရောင်းတာကိုလည်း စေတနာပါပါနဲ့ လုပ်ပေးကိုင်ပေးတယ်လို့ ပြောပြပါတယ်။ နောင်တစ်ချိန် ကိုဗစ်အလွန်ကာလမှာတော့ နယ်တွေကို ကားရိုက်သွားရမှာ ဖြစ်တဲ့အတွက် အခုလိုရောင်းဖြစ်တော့မှ မဟုတ်လို့ အခုလိုအချိန်အတွင်းမှာ မျက်စိနောက်သွားကြရင်လည်း ခွင့်လွှတ်ကြပါလို့ အရွှန်းဖောက်ခဲ့ပါသေးတယ်။

မမျိုးမျိုးခိုင်ကိုချစ်တဲ့စိတ်နဲ့ သူရောင်းတဲ့ပစ္စည်းလေးတွေကို ဝယ်ယူအားပေးကြတဲ့ ပရိသတ်ကြီးကိုလည်း မမျိုးက ကျေးဇူးတင်စကား ဆိုထားပါတယ်။ ကိုဗစ်ကာလအတွင်း ကားရိုက်တွေနားထားရတဲ့အတွက် အခုလိုဈေးရောင်းတာမျိုးက စီးပွားရေးကို တစ်ဖက်တစ်လမ်းက ပြေလည်စေတယ်လို့လည်း ပြောပါတယ်။

ပရိသတ်ကြီးတို့ရေ ဒီအင်တာဗျူးလေးမှာတော့ ပရိသတ်အချစ်တော် ဟာသသရုပ်ဆောင်မျိုးမျိုးခိုင်က ဇာတ်ပို့၊ဇာတ်ရံထောက်ပံ့ကြေးငွေ မရရှိခဲ့တဲ့အကြောင်းကို ရင်ဖွင့်ပြောဆိုထားခဲ့တာ ဖြစ်ပြီး သူအွန်လိုင်းကနေ ဈေးရောင်းဖြစ်ခဲ့တဲ့ အကြောင်းလေးကိုလည်း အနည်းငယ်ရှင်းပြပေးခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးတို့လည်း မမျိုးရောင်းချတဲ့ ကုန်ပစ္စည်းလေးတွေကို ဝယ်ယူအားပေးကြပါအုံးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

Zawgyi

ဇာတ္ပို႔ဇာတ္ရံေတြအတြက္ ေပးတဲ့ ေထာက္ပံ့ေၾကးေငြေလး မရခဲ့ေၾကာင္း ရင္ဖြင့္ခဲ့တဲ့ မ်ိဳးမ်ိဳးခိုင္

ပရိသတ္ႀကီးတို႔ေရ ဇာတ္ပို႔ဇာတ္ရံသ႐ုပ္ေဆာင္ မ်ိဳးမ်ိဳးခိုင္ကေတာ့ အရင္ဗီဒီယိုေခတ္ထဲက ပရိသတ္ေတြရဲ႕ ေထာက္ခံအားေပးမႈကို တခဲနက္ရရွိထားတဲ့ ဟာသသ႐ုပ္ေဆာင္ တစ္ေယာက္ပဲ ျဖစ္ပါတယ္။ မမ်ိဳးမ်ိဳးခိုင္တစ္ေယာက္ အခုလို ကိုဗစ္ကာလ ကား႐ိုက္ေတြနားထားတဲ့ အခ်ိန္မွာေတာ့ အျခားသ႐ုပ္ေဆာင္မ်ားနည္းတူ အြန္လိုင္းမွာ Live လႊင့္ၿပီး ေစ်းေရာင္းေပးေနတာပဲ ျဖစ္ပါတယ္။

ဒီအင္တာဗ်ဴးေလးကိုေတာ့ မမ်ိဳးမ်ိဳးခိုင္က ႐ုပ္ရွင္အစည္းအ႐ုံးအေနနဲ႔ အကူအညီလိုအပ္ေနသူ ဇာတ္ပို႔ဇာတ္ရံေတြက္ို လႉဒါန္းေငြေပးအပ္တဲ့ အစီအစဥ္ေလးကို လာေရာက္ရင္း ေျဖၾကားေပးခဲ့တာပဲ ျဖစ္ပါတယ္။ ဒီအင္တာဗ်ဴးမွာေတာ့ မမ်ိဳးမ်ိဳးခိုင္တစ္ေယာက္ အစည္းအ႐ုံးကို ဓာတ္ပုံပို႔မထားတဲ့အတြက္ ဇာတ္ပို႔၊ ဇာတ္ရံေထာက္ပံ့ေၾကးကို မရရွိခဲ့တဲ့အေၾကာင္း ရင္ဖြင့္ေျပာျပခဲ့တာပဲ ျဖစ္ပါတယ္။

သူမအေနနဲ႔ ႐ုပ္ရွင္အစည္းအ႐ုံးက ေပးအပ္တဲ့ ေထာက္ပံ့ေၾကးေငြကိုေတာ့ ရရွိခဲ့ၿပီး ဇာတ္ပို႔၊ဇာတ္ရံေတြအတြက္ သီးသန႔္လႉဒါန္းေငြကို မရရွိခဲ့တာလို႔လည္း ဆက္လက္ရွင္းျပပါတယ္။ အရင္လေတြတုန္းက တာဝန္ရွိသူေတြအေနနဲ႔ ဇာတ္ပို႔၊ဇာတ္ရံေတြကို ဓာတ္ပုံယူလာေပးဖို႔ ေတာင္းခံခဲ့ေပမယ့္ ကိုဗစ္ေရာဂါႀကီး ျဖစ္ေနခဲ့တဲ့အတြက္ ဓာတ္ပုံလာေပးဖို႔ အခက္အခဲရွိခဲ့တာ ျဖစ္တယ္လို႔ မ်ိဳးမ်ိဳးခိုင္က ဆိုပါတယ္။

ယခုေတာ့ မမ်ိဳးမ်ိဳးခိုင္တစ္ေယာက္ ဓာတ္ပုံလာေပးထားျခင္း မရွိတဲ့အတြက္ ဇာတ္ပို႔၊ဇာတ္ရံအတြက္ သီးသန႔္ေထာက္ပံ့ေၾကးေငြကို မရရွိခဲ့တာပဲ ျဖစ္ပါတယ္။

“ဓာတ္ပုံလာေပးဖို႔အတြက္က ကိုယ္လည္း ဒီကိုမေရာက္ျဖစ္ဘူးေလ… ဒါေလးေတာ့ နားလည္ေပးရမွာေပါ့… ရပါတယ္ ပိုက္ဆံႏွစ္ေသာင္းေလာက္ကေတာ့ ဘာမွမျဖစ္ပါဘူး”

မမ်ိဳးမ်ိဳးခိုင္က ႐ုပ္ရွင္အစည္းအ႐ုံးကိုေတာ့ ဆန္၊ဆီ၊ေဆးဝါးေတြ လႉဒါန္းေပးတဲ့အတြက္ ေက်းဇူးတင္စကား ဆိုထားပါတယ္။

ဒီကာလအတြင္းမွာေတာ့ မ်ိဳးမ်ိဳးခိုင္တစ္ေယာက္ ရဲေလးမရဲ႕ လမ္းၫႊန္ခ်က္နဲ႔ အြန္လိုင္းကေနေစ်းေရာင္းတဲ့ လုပ္ငန္းကို စတင္လုပ္ကိုင္လာခဲ့တာ ျဖစ္ၿပီး ေနာက္ပိုင္းမွာေတာ့ ရဲေလးမနဲ႔ အတူမဟုတ္ေတာ့ပဲ သက္သက္စီ လုပ္ကိုင္ေနၾကၿပီလို႔ သိရပါတယ္။

အစပိုင္းမွာေတာ့ ကင္မရာကိုမၾကည့္တတ္တာရယ္ နည္းပညာနဲ႔ အကြၽမ္းတဝင္မရွိတာရယ္ေၾကာင့္ အခက္အခဲနည္းငယ္ရွိခဲ့ေပမယ့္ အခုဆိုရင္ မမ်ိဳးတို႔က သြက္သြက္လက္လက္ေျပာတတ္ဆိုတတ္တဲ့အတြက္ အရမ္းေရာင္းလာရတယ္လို႔ ေျပာပါတယ္။

အခုလို ကိုဗစ္ကာလအတြင္းမွာ Live လႊင့္ၿပီး ေစ်းေရာင္းတယ္ဆိုတာမ်ိဳးက ခဏေပၚပင္သေဘာမ်ိဳးျဖစ္ၿပီး ေစ်ေရာင္းတာကိုလည္း ေစတနာပါပါနဲ႔ လုပ္ေပးကိုင္ေပးတယ္လို႔ ေျပာျပပါတယ္။ ေနာင္တစ္ခ်ိန္ ကိုဗစ္အလြန္ကာလမွာေတာ့ နယ္ေတြကို ကား႐ိုက္သြားရမွာ ျဖစ္တဲ့အတြက္ အခုလိုေရာင္းျဖစ္ေတာ့မွ မဟုတ္လို႔ အခုလိုအခ်ိန္အတြင္းမွာ မ်က္စိေနာက္သြားၾကရင္လည္း ခြင့္လႊတ္ၾကပါလို႔ အ႐ႊန္းေဖာက္ခဲ့ပါေသးတယ္။

မမ်ိဳးမ်ိဳးခိုင္ကိုခ်စ္တဲ့စိတ္နဲ႔ သူေရာင္းတဲ့ပစၥည္းေလးေတြကို ဝယ္ယူအားေပးၾကတဲ့ ပရိသတ္ႀကီးကိုလည္း မမ်ိဳးက ေက်းဇူးတင္စကား ဆိုထားပါတယ္။ ကိုဗစ္ကာလအတြင္း ကား႐ိုက္ေတြနားထားရတဲ့အတြက္ အခုလိုေစ်းေရာင္းတာမ်ိဳးက စီးပြားေရးကို တစ္ဖက္တစ္လမ္းက ေျပလည္ေစတယ္လို႔လည္း ေျပာပါတယ္။

ပရိသတ္ႀကီးတို႔ေရ ဒီအင္တာဗ်ဴးေလးမွာေတာ့ ပရိသတ္အခ်စ္ေတာ္ ဟာသသ႐ုပ္ေဆာင္မ်ိဳးမ်ိဳးခိုင္က ဇာတ္ပို႔၊ဇာတ္ရံေထာက္ပံ့ေၾကးေငြ မရရွိခဲ့တဲ့အေၾကာင္းကို ရင္ဖြင့္ေျပာဆိုထားခဲ့တာ ျဖစ္ၿပီး သူအြန္လိုင္းကေန ေစ်းေရာင္းျဖစ္ခဲ့တဲ့ အေၾကာင္းေလးကိုလည္း အနည္းငယ္ရွင္းျပေပးခဲ့တာျဖစ္ပါတယ္။ ပရိသတ္ႀကီးတို႔လည္း မမ်ိဳးေရာင္းခ်တဲ့ ကုန္ပစၥည္းေလးေတြကို ဝယ္ယူအားေပးၾကပါအုံးေနာ္။ အခ်ိန္ေပးၿပီး ဖတ္ရႈေပးတဲ့အတြက္လည္း ေက်းဇူးတင္ပါတယ္။

About the author

Admin

Leave a Comment