Cele News

သံမဏိ လူသားမဟုတ်လို့ ကိုဗစ်ဖြစ်တာ မဆန်းပါဘူးလို့ ဆိုလာတဲ့ ထွန်းကိုကို

Written by Admin

သံမဏိ လူသားမဟုတ်လို့ ကိုဗစ်ဖြစ်တာ မဆန်းပါဘူးလို့ ဆိုလာတဲ့ ထွန်းကိုကို

ထွန်းကိုကို ကတော့ ဝေဘာဂီမှာ ဦးကျော်သူရဲ့ ကျန်းမာရေး အခြေအနေအရ ပြုစုစောင့်ရှောက်ပေးရင်း အောက်တိုဘာလ (၂၄) ရက်နေ့က Swab testing ပြုလုပ်ခဲ့တာပါ။ ဒီနေ့ အောက်တိုဘာလ (၂၇) ရက်နေ့မှာတော့ ကျန်းမာရေးဆေးစစ်ချက် အဖြေကို ထွန်းကိုကို က ပရိသတ်သိအောင် ပြောပြလာပါတယ်။

” သံမဏိ လူသားလည်း မဟုတ်ဘူး။ စက်ရုပ်လူသားလဲ မဟုတ်ဘူး။ ပါဝါရိန်းဂျားလည်း မဟုတ်ဘူး။ P ဖြစ်တာ မဆန်း ပါဘူး” ဆိုပြီးတော့ အောက်တိုဘာလ (၂၇) ရက်နေ့ မနက် (၉) နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

လက်ရှိမှာတော့ ဝေဘာဂီမှာ ဆေးကုသမှုခံယူနေရတဲ့ ဦးကျော်သူရော၊ ထွန်းကိုကိုရော ကျန်းမာရေး အခြေအနေက ကောင်းမွန်နေကြောင်း အောက်တိုဘာ(၂၃) ရက်နေ့က အင်တာဗျူးမှာပြောပြခဲ့ပါတယ်။ ဦးကျော်သူကတော့သူတို့ရဲ့ အခြေအနေတွေ အားလုံးကို ပရိသတ်၊ သူငယ်ချင်း မိတ်ဆွေများသိအောင် ဖေ့စ်ဘွတ်ကနေ အမြဲတမ်း အသိပေး ပြောပြနေတာတွေ့ရပါတယ်။

Zawgyi





About the author

Admin

Leave a Comment