Knowledge

ဇက်ကြောတက်သူများအတွက် ဆင်ခြင်စရာများ

Written by Admin

ဇက်ကြောတက်သူများအတွက် ဆင်ခြင်စရာများ

အကြောတက်ရောဂါ အမျိုးမျိုးတွင် ဇက်ကြော တက်ခြင်း၊ နောက်ကြော တက်ခြင်း၊ ခြေသလုံးနှင့် ပေါင်ကြောများ တက်ခြင်း၊ ကြွက်တက်ခြင်း စသည်ဖြင့် အမျိုးပေါင်းများစွာ ရှိပါသည် ။

အကြောတက်ခြင်း အမျိုးမျိုးသည် လူ၏ ခန္ဓာဗေဒအရ တည်ဆောက်ထားသော အရိုးများ လှုပ်ရှားမှုကို တွယ်ဆက် ထောက်ကန် ပေးထားသော ကြွက်ကြော၊ အာရုံကြော၊ ဆိုင်းကြော၊ ခုကြော ( အရွတ်ကြော )၊ အမြှေး၊ အရွတ် (ခုတုံး) များတွင် ရောင်ခြင်း၊ ပါးခြင်း၊ ပွန်းစားခြင်း၊ တင်းခြင်း၊ လျော့ခြင်း၊ အားနည်းခြင်း စသည့် အကြောင်း အမျိုးမျိုးကြောင့် ဖြစ်ရလေသည် ။

ဇက်ကြောတက်ခြင်း အကြောင်းကို ဦးစွာ ရှင်းပြလိုပါသည်။ ရုံးထိုင်သူများ၊ စာရေး စာဖတ်များသူ၊ ခေါင်းငုံ့ပြီး အလုပ်လုပ်ရသူ၊ ကျောင်းသား ကျောင်းသူ၊ ဆရာဆရာမများ၊

ကွန်ပျူတာ၊ တီဗီအကြည့်များသူ၊ အထိုင်များသူ အားလုံးပင် ဇက်ကြောတက်သည်ဟု ညည်းတွားလေ့ ရှိသည်။ မျက်စိ အာရုံစိုက်ရသူများ၊ ဆူညံသံများကြားတွင် နေထိုင်ရသူ၊

အလုပ်လုပ်ရသူများလည်း ဇက်ကြောတက် တတ်သလို အစာမကြေသူ၊ ဝမ်းချုပ်သူ၊ လိပ်ခေါင်းရောဂါ ရှိသူများလည်း ဇက်ကြောတက်ဝေဒနာ ခံစားကြရပါသည် ။

ထူးထူးခြားခြား ကလေး (၇) နှစ် အရွယ်၊ (၁၀) နှစ် အရွယ် ကလေးများတွင်လည်း ဇက်ကြောတက်ဝေဒနာ ခံစားရကြောင်း တွေ့ရပါသည်။ ထိုကလေးများမှာ ယခုခေတ်ပေါ် ဂိမ်းကစားစက်များ၊ တီဗီနှင့် တွဲဆက်ပြီး ကစားကြသူများဖြစ်ကြောင်း တွေ့ရပါသည် ။

ပြေးလွှား ဆော့ကစားရမည့် အရွယ်တွင် တီဗီဂိမ်း၊ ကွန်ပျူတာဂိမ်းများကြောင့် ကလေးများမှာ မျက်စိအာရုံကြော၊ နားအာရုံကြောများ ထိခိုက်ရုံသာမက ဇက်ကြောတက်ဝေဒနာပါ အရွယ်မတိုင်မီ ခံစားကြရခြင်း ဖြစ်သည်။ ထိုကလေးများမှာ မှတ်ဉာာဏ်များပါ ကျဆင်း သွားတတ်ပါသည် ။

ဆူညံစွာ ဆောင်းဘောက်ကြီးများ ဖွင့်ထားသော ရုပ်ရှင်ရုံအတွင်း ဈေးရောင်းသူများနှင့် ရုပ်ရှင်ရုံ ဝန်ထမ်းများမှာလည်း ဇက်ကြောတက် ရောဂါ ရနေရကြောင်း တွေ့ရသည် ။

ဝေါ့ခ်မင်းခေါ် နားကြပ်ကက်ဆက်ကို အမြဲ နားထောင်လေ့ရှိသူ ကျောင်းသားငယ်လေးများမှာလည်း ဇက်ကြောတက် ဝေဒနာနှင့် နားအကြားအာရုံ ဝေဒနာများပါ ဖြစ်ပေါ် ခံစားရကြောင်း တွေ့ရပါသည် ။

ဆူညံမှုကို အမြဲ ခံစားရသူများသည် အကြောတက်ဝေဒနာ အမျိုးမျိုး ခံစားရလေ့ ရှိသည်။ ပူပြင်းသော နေရောင်အောက်တွင် အလုပ်လုပ်ရသူများ၊ စူးရှသော အလင်းပြန်အရာကို ကြည့်သူများ၊ မီးစလိုက် အလင်းအောက်တွင် အလုပ်လုပ်ရသူများလည်း ဇက်ကြောတက် ဝေဒနာ ခံစားကြရတတ်ပါသည် ။

အော်ဟစ် ပြောဆိုရသူများ၊ သင်တန်းသား၊ စာသင်သားများကို မကြားရမည်စိုး၍ အော်ဟစ်ပြောဆို သင်ကြားပေးရသော ဆရာ၊ ဆရာမများ၊ သင်တန်းဆရာများမှာလည်း အသံပျက် ရောဂါနှင့် နောက်ကြောတက် ရောဂါများ ခံစားရလေ့ ရှိပါသည် ။

နောက်ကြောတက်ရောဂါ ခံစားရခြင်း၏ အကြောင်းအရင်းများမှာ များလွန်းသဖြင့် ဝေဒနာ ခံစားရသူလည်း အများဆုံး ဖြစ်ပါသည်။ ဓာတ်ဆီ၊ ဒီဇယ်ဆီ ရောင်းချသူတစ်ဦးမှာ ခေါင်းကိုက်ခြင်းနှင့် ဇက်ကြောတက် ဝေဒနာကို ပြင်းထန်စွာ ခံစားရကြောင်း ပြောပြဖူးပါသည် ။

သူသည် အမြတ်အစွန်းကလည်း ရနေသဖြင့် ဤအလုပ်ကိုလည်း မစွန့်လွှတ်နိုင်သောကြောင့် ဝေဒနာကို ဆက်လက် ခံစားရနေဦးမည် ဖြစ်ကြောင်း ပြောပါသည် ။

ဓာတုဗေဒ အနံ့ဆိုးများကြောင့်လည်း ဇက်ကြောတက် ဝေဒနာ ဖြစ်နိုင်ပါသည်။ အစားအသောက်ကြောင့် ဇက်ကြောတက် တတ်ပါသည်။ တညင်းသီး အလွန်ကြိုက်သူ တစ်ဦးမှာ ဇက်ကြောတက် ဝေဒနာ ခံစားရကြောင်း တွေ့ရပါသည် ။

ထို့အတူ မြေအောင်းသား ပုရစ်ကြိုက်သူ၊ ငါးသလောက် ကြိုက်သူ၊ မျှစ်ချဉ် ကြိုက်သူ၊ ဆူးပုတ်ရွက်၊ အုန်းနို့၊ အုန်းထမင်း ကြိုက်သူ၊ ငါးချဉ် ကြိုက်သူ၊ ပုစွန်ချဉ် ကြိုက်သူများမှာလည်း ဇက်ကြောတက်ကြောင်း တွေ့ရလေသည် ။

ထိုကဲ့သို့ တက်စာကြိုက်သူ တစ်ဦးက “အကြောတက်ခံမယ်၊ အငတ်တော့ မခံဘူး။ မသေခင်လေးတော့ အဝစားသွားရမယ်” ဟု ပြောဖူးပါသည်။ တက်စာထဲ အဆိုးဆုံးမှာ တညင်းသီးဟု ထင်ပါသည် ။

ကျောက်ကပ်ကို ပျက်စီးစေပါသည်။ ဆီးလမ်းကြောင်းတွင် ပိတ်ဆို့ပြီး ဆေးရုံ ရောက်ရသူများလည်း ရှိသည်။ တညင်းသီး အစားများပြီး လေဖြတ်သူ နှစ်ယောက် တွေ့ဖူးသည်။ ကျောက်ကပ် ပိတ်ဆို့ရာမှ သွေးတိုးမြင့်တက်ပြီး လေဖြတ်ခြင်း ဖြစ်ပါသည်။

ကောက်ညှင်း ကြိုက်သူများ၊ ဆန်စီးကြိုက်သူများနှင့် ထမင်းအမာ ချက်စားသူ၊ ဆန်ကြမ်းကို အေးမှ စားသူ၊ ထမင်းကြမ်း၊ ထမခြောက် (ထမင်းခြောက်)၊ ထမင်းချိုးကြော် စားကြသူများမှာ အစာကြေခဲသဖြင့် နောက်ကြောတက်၊ ဇက်ကြောထိုးခြင်း ဖြစ်လာတတ်ပါသည်။

အစာအိမ်တွင် လေပွပြီး လေကြောင့် ဇက်ကြောတက်ခြင်း ဖြစ်သည်။ အထက်ပါ အစာများ ကြိုက်၍ စားချင်လျှင် လေကြေ လေနိုင်သော နှမ်းဆီ ဆမ်းစားခြင်း၊ နှမ်းထောင်း ဖြူးစားခြင်းများဖြင့် ကာကွယ်နိုင်သည်။

အစာမကြေ လေချဉ်တက်သူများလည်း ဇက်ကြော တက်နိုင်သည်။ လေချဉ်သည် အစာအိမ်မှ အစာချေရည်မှ အငွေ့ပျံတက်လာသော ဂက်စ်တစ်မျိုး ဖြစ်သည်။

အစာအိမ်ရောင်လျှင် အချဉ်ခံတတ်သည်။ အစာအိမ်ကြောင့် နောက်ကြော လက်ပြင်နှစ်ခုကြားနှင့် ဇက်ကြောတက်လျှင် အလွန် ခံရခက်စေသည်။ ဆန်ပြုတ်သောက်ပြီး မာသော အစာ၊ အချဉ်အစပ်များကို လုံးဝ ရှောင်ကျဉ်လိုက်လျှင် သက်သာ ပျောက်ကင်းနိုင်ပါသည်။

အစာမကြေခြင်း၏ နောက်ဆက်တွဲ ရလဒ်မှာ ဝမ်းချုပ်ခြင်း ဖြစ်သည်။ ဝမ်းချုပ်ခြင်း၏ နောက်ဆက်တွဲ ရလဒ်မှာ လိပ်ခေါင်းရောဂါ ဖြစ်သည်။ လိပ်ခေါင်းရောဂါ ရှိသူများမှာ ဝမ်းကောင်းကောင်း မသွားလျှင် မနေနိုင်အောင် ဇက်ကြောတက်လေ့ ရှိသည်။

ဝမ်းမှန် လေသက်မှ ဇက်ကြောထိုး သက်သာသွားလေ့ ရှိသည်။ လိပ်ခေါင်းရောဂါ အဆင့်သုံးဆင့် ရှိသည်။ ပထမအဆင့်မှာ အတွင်းလိပ်ခေါင်း ဖြစ်သည်။ ပြင်ပသို့ မထွက်သဖြင့် မသိသာသော်လည်း ဇက်ကြော တက်လာသည်။

ဝမ်းချုပ်သည့်နေ့တွင် ပိုတက်သည်။ ဝမ်းနှုတ်လိုက်လျှင် ဇက်ကြောတက် သက်သာသဖြင့် ဝမ်းနှုတ်ဆေးကို စားသည့်အကျင့် ဖြစ်လာသည်။ ထိုအကျင့်သည် မကောင်း။ အူမကြီးကို ဝမ်းနှုတ်ဆေးက ဒုက္ခပေးလျှင် ကင်ဆာ ဖြစ်နိုင်သည်။

ဒုတိယအဆင့်တွင် လိပ်ခေါင်းသည် အပြင်သို့ ထွက်လာသည်။ ဝမ်းသွားရန် အားထုတ်ပြီး ညှစ်လျှင် လိပ်ခေါင်း အပြင်ထွက်လာသည်။ ဝမ်းတွင်မာသော အစာပါလျှင် ပူစပ်သော အစာစားလျှင် သွေးကျတတ်သည်။

ဝမ်းသွားပြီးလျှင် ရေသုံးပြီး ပြန်သွင်းနိုင်လျှင် လိပ်ခေါင်းမှာ အတွင်းသို့ ပြန်ဝင်သွားပြန်သည်။ စအိုဝတွင် ပူခြင်း၊ ရောင်ခြင်း၊ ယားခြင်းတို့ ဖြစ်လေ့ ရှိသည်။ နောက်ကြော၊

ဇက်ကြောထိုးခြင်း၊ တင်ပါးဆုံနှင့် ခါးတွင် ညောင်းညာ ကိုက်ခြင်းများပါ ဖြစ်လေ့ရှိသည်။ အပူ၊ အစပ်၊ အမာများကို လုံးဝ ရှောင်ရမည့် အဆင့် ဖြစ်လေသည်။

လိပ်ခေါင်း တတိယအဆင့်မှာ အပြင်သို့ ထွက်နေသော လိပ်ခေါင်းကို ပြန်သွင်းမရသော အဆင့်ဖြစ်သည်။ ပထမအဆင့်၊ ဒုတိယ အဆင့်ထက် ပို၍ ဇက်ကြောတက်သည်။

ခြေနှစ်ဖက်လုံး ညောင်းကိုက်ပြီး အနင်းအနှိပ်ခံနေမှ သက်သာသည်။ ဝမ်းသွားရခက်ပြီး နှုတ်မှ သွားသော အဆင့် ဖြစ်သည်။ စနစ်မကျသော ဆေးတင်ကုသခြင်း၊ မသန့်ရှင်းသော ရိုးရာကုထုံးများဖြင့် ကုသခြင်းသည် မမှန်ကန်ပါ။

အန္တရာယ် မကင်းပါ။ ရှေးက စာရေးဆရာကြီး တက်တိုးသည် ရိုးရာနည်းဖြင့် လိပ်ခေါင်းကုသော ဆေးဆရာကြီး တစ်ဦးနှင့် စားဆေးတင် ကုသရာ သုံးကြိမ်တိုင် မအောင်မြင်သဖြင့် ထိုဆရာကြီးက ဆေးဖိုးငွေ ပြန်ပေးသည်ဟု ဆိုသည်။

ဆရာကြီးတက်တိုးက လက်မခံ။ ခြေကြွခ ယူပါဆိုပြီး ပြန်ကန်တော့သည်။ နောက်ဆုံး ဆေးရုံတက်ပြီး သားရေကွင်းပစ် ကုသလိုက်မှ လိပ်ခေါင်းရောဂါ အမြစ်ပြတ်ခဲ့သည်ဟု ဇနီးဖြစ်သူ ဆရာမကြီး ဒေါ်နုယဉ်က ဆောင်းပါး ရေးသားထားသည်ကို ဖတ်ရှုရဖူးပါသည်။

ဤသည်မှာ မြန်မာဆရာများ၏ ကုထုံးကို နှိမ်ခြင်း မဟုတ်။ ခေတ်မမီတော့သော ကုထုံးများကို ပြုပြင်စေချင်သော စေတနာဖြင့် ရေးသားခြင်း ဖြစ်သည်။ ဇက်ကြောတက်သည်၊

အကြောတက်သည် ဆိုသော စကားများမှာ လွယ်လွယ်နှင့် ပြောသောစကား ဖြစ်သော်လည်း လွယ်လွယ်နှင့် ပျောက်နိုင်သော ရောဂါအသေးအဖွဲ မဟုတ်ကြောင်း သိစေလိုပါသည်။

အပြင်သဘောမှာ လွယ်သော်လည်း အတွင်းသဘောမှာ မလွယ်သော အရာများစွာ ရှိသည်။ မူလဘူတ အကြောင်းအရင်းကို သိမျှသာလျှင် ကုသ ပျောက်ကင်းနိုင်မည် ဖြစ်သည်။ အနာသိမှ ဆေးရှိမည်။

အကျိုးကို မကုဘဲ အကြောင်းကို ကုမှသာ ပျောက်ကင်းနိုင်မည် ဖြစ်သဖြင့် ပေါ့ပေါ့ဆဆ နေသင့်သော အရာမဟုတ်ကြောင်း ရေးသားလိုက်ရပါသည်။

Zawgyi

ဇက္ေၾကာတက္သူမ်ားအတြက္ ဆင္ျခင္စရာမ်ား

အေၾကာတက္ေရာဂါ အမ်ိဳးမ်ိဳးတြင္ ဇက္ေၾကာ တက္ျခင္း၊ ေနာက္ေၾကာ တက္ျခင္း၊ ေျခသလုံးႏွင့္ ေပါင္ေၾကာမ်ား တက္ျခင္း၊ ႂကြက္တက္ျခင္း စသည္ျဖင့္ အမ်ိဳးေပါင္းမ်ားစြာ ရွိပါသည္ ။

အေၾကာတက္ျခင္း အမ်ိဳးမ်ိဳးသည္ လူ၏ ခႏၶာေဗဒအရ တည္ေဆာက္ထားေသာ အ႐ိုးမ်ား လႈပ္ရွားမႈကို တြယ္ဆက္ ေထာက္ကန္ ေပးထားေသာ ႂကြက္ေၾကာ၊ အာ႐ုံေၾကာ၊ ဆိုင္းေၾကာ၊ ခုေၾကာ ( အ႐ြတ္ေၾကာ )၊ အေျမႇး၊ အ႐ြတ္ (ခုတုံး) မ်ားတြင္ ေရာင္ျခင္း၊ ပါးျခင္း၊ ပြန္းစားျခင္း၊ တင္းျခင္း၊ ေလ်ာ့ျခင္း၊ အားနည္းျခင္း စသည့္ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ ျဖစ္ရေလသည္ ။

ဇက္ေၾကာတက္ျခင္း အေၾကာင္းကို ဦးစြာ ရွင္းျပလိုပါသည္။ ႐ုံးထိုင္သူမ်ား၊ စာေရး စာဖတ္မ်ားသူ၊ ေခါင္းငုံ႔ၿပီး အလုပ္လုပ္ရသူ၊ ေက်ာင္းသား ေက်ာင္းသူ၊ ဆရာဆရာမမ်ား၊

ကြန္ပ်ဴတာ၊ တီဗီအၾကည့္မ်ားသူ၊ အထိုင္မ်ားသူ အားလုံးပင္ ဇက္ေၾကာတက္သည္ဟု ညည္းတြားေလ့ ရွိသည္။ မ်က္စိ အာ႐ုံစိုက္ရသူမ်ား၊ ဆူညံသံမ်ားၾကားတြင္ ေနထိုင္ရသူ၊

အလုပ္လုပ္ရသူမ်ားလည္း ဇက္ေၾကာတက္ တတ္သလို အစာမေၾကသူ၊ ဝမ္းခ်ဳပ္သူ၊ လိပ္ေခါင္းေရာဂါ ရွိသူမ်ားလည္း ဇက္ေၾကာတက္ေဝဒနာ ခံစားၾကရပါသည္ ။

ထူးထူးျခားျခား ကေလး (၇) ႏွစ္ အ႐ြယ္၊ (၁၀) ႏွစ္ အ႐ြယ္ ကေလးမ်ားတြင္လည္း ဇက္ေၾကာတက္ေဝဒနာ ခံစားရေၾကာင္း ေတြ႕ရပါသည္။ ထိုကေလးမ်ားမွာ ယခုေခတ္ေပၚ ဂိမ္းကစားစက္မ်ား၊ တီဗီႏွင့္ တြဲဆက္ၿပီး ကစားၾကသူမ်ားျဖစ္ေၾကာင္း ေတြ႕ရပါသည္ ။

ေျပးလႊား ေဆာ့ကစားရမည့္ အ႐ြယ္တြင္ တီဗီဂိမ္း၊ ကြန္ပ်ဴတာဂိမ္းမ်ားေၾကာင့္ ကေလးမ်ားမွာ မ်က္စိအာ႐ုံေၾကာ၊ နားအာ႐ုံေၾကာမ်ား ထိခိုက္႐ုံသာမက ဇက္ေၾကာတက္ေဝဒနာပါ အ႐ြယ္မတိုင္မီ ခံစားၾကရျခင္း ျဖစ္သည္။ ထိုကေလးမ်ားမွာ မွတ္ဉာာဏ္မ်ားပါ က်ဆင္း သြားတတ္ပါသည္ ။

ဆူညံစြာ ေဆာင္းေဘာက္ႀကီးမ်ား ဖြင့္ထားေသာ ႐ုပ္ရွင္႐ုံအတြင္း ေဈးေရာင္းသူမ်ားႏွင့္ ႐ုပ္ရွင္႐ုံ ဝန္ထမ္းမ်ားမွာလည္း ဇက္ေၾကာတက္ ေရာဂါ ရေနရေၾကာင္း ေတြ႕ရသည္ ။

ေဝါ့ခ္မင္းေခၚ နားၾကပ္ကက္ဆက္ကို အၿမဲ နားေထာင္ေလ့ရွိသူ ေက်ာင္းသားငယ္ေလးမ်ားမွာလည္း ဇက္ေၾကာတက္ ေဝဒနာႏွင့္ နားအၾကားအာ႐ုံ ေဝဒနာမ်ားပါ ျဖစ္ေပၚ ခံစားရေၾကာင္း ေတြ႕ရပါသည္ ။

ဆူညံမႈကို အၿမဲ ခံစားရသူမ်ားသည္ အေၾကာတက္ေဝဒနာ အမ်ိဳးမ်ိဳး ခံစားရေလ့ ရွိသည္။ ပူျပင္းေသာ ေနေရာင္ေအာက္တြင္ အလုပ္လုပ္ရသူမ်ား၊ စူးရွေသာ အလင္းျပန္အရာကို ၾကည့္သူမ်ား၊ မီးစလိုက္ အလင္းေအာက္တြင္ အလုပ္လုပ္ရသူမ်ားလည္း ဇက္ေၾကာတက္ ေဝဒနာ ခံစားၾကရတတ္ပါသည္ ။

ေအာ္ဟစ္ ေျပာဆိုရသူမ်ား၊ သင္တန္းသား၊ စာသင္သားမ်ားကို မၾကားရမည္စိုး၍ ေအာ္ဟစ္ေျပာဆို သင္ၾကားေပးရေသာ ဆရာ၊ ဆရာမမ်ား၊ သင္တန္းဆရာမ်ားမွာလည္း အသံပ်က္ ေရာဂါႏွင့္ ေနာက္ေၾကာတက္ ေရာဂါမ်ား ခံစားရေလ့ ရွိပါသည္ ။

ေနာက္ေၾကာတက္ေရာဂါ ခံစားရျခင္း၏ အေၾကာင္းအရင္းမ်ားမွာ မ်ားလြန္းသျဖင့္ ေဝဒနာ ခံစားရသူလည္း အမ်ားဆုံး ျဖစ္ပါသည္။ ဓာတ္ဆီ၊ ဒီဇယ္ဆီ ေရာင္းခ်သူတစ္ဦးမွာ ေခါင္းကိုက္ျခင္းႏွင့္ ဇက္ေၾကာတက္ ေဝဒနာကို ျပင္းထန္စြာ ခံစားရေၾကာင္း ေျပာျပဖူးပါသည္ ။

သူသည္ အျမတ္အစြန္းကလည္း ရေနသျဖင့္ ဤအလုပ္ကိုလည္း မစြန႔္လႊတ္ႏိုင္ေသာေၾကာင့္ ေဝဒနာကို ဆက္လက္ ခံစားရေနဦးမည္ ျဖစ္ေၾကာင္း ေျပာပါသည္ ။

ဓာတုေဗဒ အနံ႔ဆိုးမ်ားေၾကာင့္လည္း ဇက္ေၾကာတက္ ေဝဒနာ ျဖစ္ႏိုင္ပါသည္။ အစားအေသာက္ေၾကာင့္ ဇက္ေၾကာတက္ တတ္ပါသည္။ တညင္းသီး အလြန္ႀကိဳက္သူ တစ္ဦးမွာ ဇက္ေၾကာတက္ ေဝဒနာ ခံစားရေၾကာင္း ေတြ႕ရပါသည္ ။

ထို႔အတူ ေျမေအာင္းသား ပုရစ္ႀကိဳက္သူ၊ ငါးသေလာက္ ႀကိဳက္သူ၊ မွ်စ္ခ်ဥ္ ႀကိဳက္သူ၊ ဆူးပုတ္႐ြက္၊ အုန္းႏို႔၊ အုန္းထမင္း ႀကိဳက္သူ၊ ငါးခ်ဥ္ ႀကိဳက္သူ၊ ပုစြန္ခ်ဥ္ ႀကိဳက္သူမ်ားမွာလည္း ဇက္ေၾကာတက္ေၾကာင္း ေတြ႕ရေလသည္ ။

ထိုကဲ့သို႔ တက္စာႀကိဳက္သူ တစ္ဦးက “အေၾကာတက္ခံမယ္၊ အငတ္ေတာ့ မခံဘူး။ မေသခင္ေလးေတာ့ အဝစားသြားရမယ္” ဟု ေျပာဖူးပါသည္။ တက္စာထဲ အဆိုးဆုံးမွာ တညင္းသီးဟု ထင္ပါသည္ ။

ေက်ာက္ကပ္ကို ပ်က္စီးေစပါသည္။ ဆီးလမ္းေၾကာင္းတြင္ ပိတ္ဆို႔ၿပီး ေဆး႐ုံ ေရာက္ရသူမ်ားလည္း ရွိသည္။ တညင္းသီး အစားမ်ားၿပီး ေလျဖတ္သူ ႏွစ္ေယာက္ ေတြ႕ဖူးသည္။ ေက်ာက္ကပ္ ပိတ္ဆို႔ရာမွ ေသြးတိုးျမင့္တက္ၿပီး ေလျဖတ္ျခင္း ျဖစ္ပါသည္။

ေကာက္ညႇင္း ႀကိဳက္သူမ်ား၊ ဆန္စီးႀကိဳက္သူမ်ားႏွင့္ ထမင္းအမာ ခ်က္စားသူ၊ ဆန္ၾကမ္းကို ေအးမွ စားသူ၊ ထမင္းၾကမ္း၊ ထမေျခာက္ (ထမင္းေျခာက္)၊ ထမင္းခ်ိဳးေၾကာ္ စားၾကသူမ်ားမွာ အစာေၾကခဲသျဖင့္ ေနာက္ေၾကာတက္၊ ဇက္ေၾကာထိုးျခင္း ျဖစ္လာတတ္ပါသည္။

အစာအိမ္တြင္ ေလပြၿပီး ေလေၾကာင့္ ဇက္ေၾကာတက္ျခင္း ျဖစ္သည္။ အထက္ပါ အစာမ်ား ႀကိဳက္၍ စားခ်င္လွ်င္ ေလေၾက ေလႏိုင္ေသာ ႏွမ္းဆီ ဆမ္းစားျခင္း၊ ႏွမ္းေထာင္း ျဖဴးစားျခင္းမ်ားျဖင့္ ကာကြယ္ႏိုင္သည္။

အစာမေၾက ေလခ်ဥ္တက္သူမ်ားလည္း ဇက္ေၾကာ တက္ႏိုင္သည္။ ေလခ်ဥ္သည္ အစာအိမ္မွ အစာေခ်ရည္မွ အေငြ႕ပ်ံတက္လာေသာ ဂက္စ္တစ္မ်ိဳး ျဖစ္သည္။

အစာအိမ္ေရာင္လွ်င္ အခ်ဥ္ခံတတ္သည္။ အစာအိမ္ေၾကာင့္ ေနာက္ေၾကာ လက္ျပင္ႏွစ္ခုၾကားႏွင့္ ဇက္ေၾကာတက္လွ်င္ အလြန္ ခံရခက္ေစသည္။ ဆန္ျပဳတ္ေသာက္ၿပီး မာေသာ အစာ၊ အခ်ဥ္အစပ္မ်ားကို လုံးဝ ေရွာင္က်ဥ္လိုက္လွ်င္ သက္သာ ေပ်ာက္ကင္းႏိုင္ပါသည္။

အစာမေၾကျခင္း၏ ေနာက္ဆက္တြဲ ရလဒ္မွာ ဝမ္းခ်ဳပ္ျခင္း ျဖစ္သည္။ ဝမ္းခ်ဳပ္ျခင္း၏ ေနာက္ဆက္တြဲ ရလဒ္မွာ လိပ္ေခါင္းေရာဂါ ျဖစ္သည္။ လိပ္ေခါင္းေရာဂါ ရွိသူမ်ားမွာ ဝမ္းေကာင္းေကာင္း မသြားလွ်င္ မေနႏိုင္ေအာင္ ဇက္ေၾကာတက္ေလ့ ရွိသည္။

ဝမ္းမွန္ ေလသက္မွ ဇက္ေၾကာထိုး သက္သာသြားေလ့ ရွိသည္။ လိပ္ေခါင္းေရာဂါ အဆင့္သုံးဆင့္ ရွိသည္။ ပထမအဆင့္မွာ အတြင္းလိပ္ေခါင္း ျဖစ္သည္။ ျပင္ပသို႔ မထြက္သျဖင့္ မသိသာေသာ္လည္း ဇက္ေၾကာ တက္လာသည္။

ဝမ္းခ်ဳပ္သည့္ေန႔တြင္ ပိုတက္သည္။ ဝမ္းႏႈတ္လိုက္လွ်င္ ဇက္ေၾကာတက္ သက္သာသျဖင့္ ဝမ္းႏႈတ္ေဆးကို စားသည့္အက်င့္ ျဖစ္လာသည္။ ထိုအက်င့္သည္ မေကာင္း။ အူမႀကီးကို ဝမ္းႏႈတ္ေဆးက ဒုကၡေပးလွ်င္ ကင္ဆာ ျဖစ္ႏိုင္သည္။

ဒုတိယအဆင့္တြင္ လိပ္ေခါင္းသည္ အျပင္သို႔ ထြက္လာသည္။ ဝမ္းသြားရန္ အားထုတ္ၿပီး ညႇစ္လွ်င္ လိပ္ေခါင္း အျပင္ထြက္လာသည္။ ဝမ္းတြင္မာေသာ အစာပါလွ်င္ ပူစပ္ေသာ အစာစားလွ်င္ ေသြးက်တတ္သည္။

ဝမ္းသြားၿပီးလွ်င္ ေရသုံးၿပီး ျပန္သြင္းႏိုင္လွ်င္ လိပ္ေခါင္းမွာ အတြင္းသို႔ ျပန္ဝင္သြားျပန္သည္။ စအိုဝတြင္ ပူျခင္း၊ ေရာင္ျခင္း၊ ယားျခင္းတို႔ ျဖစ္ေလ့ ရွိသည္။ ေနာက္ေၾကာ၊

ဇက္ေၾကာထိုးျခင္း၊ တင္ပါးဆုံႏွင့္ ခါးတြင္ ေညာင္းညာ ကိုက္ျခင္းမ်ားပါ ျဖစ္ေလ့ရွိသည္။ အပူ၊ အစပ္၊ အမာမ်ားကို လုံးဝ ေရွာင္ရမည့္ အဆင့္ ျဖစ္ေလသည္။

လိပ္ေခါင္း တတိယအဆင့္မွာ အျပင္သို႔ ထြက္ေနေသာ လိပ္ေခါင္းကို ျပန္သြင္းမရေသာ အဆင့္ျဖစ္သည္။ ပထမအဆင့္၊ ဒုတိယ အဆင့္ထက္ ပို၍ ဇက္ေၾကာတက္သည္။

ေျခႏွစ္ဖက္လုံး ေညာင္းကိုက္ၿပီး အနင္းအႏွိပ္ခံေနမွ သက္သာသည္။ ဝမ္းသြားရခက္ၿပီး ႏႈတ္မွ သြားေသာ အဆင့္ ျဖစ္သည္။ စနစ္မက်ေသာ ေဆးတင္ကုသျခင္း၊ မသန႔္ရွင္းေသာ ႐ိုးရာကုထုံးမ်ားျဖင့္ ကုသျခင္းသည္ မမွန္ကန္ပါ။

အႏၲရာယ္ မကင္းပါ။ ေရွးက စာေရးဆရာႀကီး တက္တိုးသည္ ႐ိုးရာနည္းျဖင့္ လိပ္ေခါင္းကုေသာ ေဆးဆရာႀကီး တစ္ဦးႏွင့္ စားေဆးတင္ ကုသရာ သုံးႀကိမ္တိုင္ မေအာင္ျမင္သျဖင့္ ထိုဆရာႀကီးက ေဆးဖိုးေငြ ျပန္ေပးသည္ဟု ဆိုသည္။

ဆရာႀကီးတက္တိုးက လက္မခံ။ ေျခႂကြခ ယူပါဆိုၿပီး ျပန္ကန္ေတာ့သည္။ ေနာက္ဆုံး ေဆး႐ုံတက္ၿပီး သားေရကြင္းပစ္ ကုသလိုက္မွ လိပ္ေခါင္းေရာဂါ အျမစ္ျပတ္ခဲ့သည္ဟု ဇနီးျဖစ္သူ ဆရာမႀကီး ေဒၚႏုယဥ္က ေဆာင္းပါး ေရးသားထားသည္ကို ဖတ္ရႈရဖူးပါသည္။

ဤသည္မွာ ျမန္မာဆရာမ်ား၏ ကုထုံးကို ႏွိမ္ျခင္း မဟုတ္။ ေခတ္မမီေတာ့ေသာ ကုထုံးမ်ားကို ျပဳျပင္ေစခ်င္ေသာ ေစတနာျဖင့္ ေရးသားျခင္း ျဖစ္သည္။ ဇက္ေၾကာတက္သည္၊

အေၾကာတက္သည္ ဆိုေသာ စကားမ်ားမွာ လြယ္လြယ္ႏွင့္ ေျပာေသာစကား ျဖစ္ေသာ္လည္း လြယ္လြယ္ႏွင့္ ေပ်ာက္ႏိုင္ေသာ ေရာဂါအေသးအဖြဲ မဟုတ္ေၾကာင္း သိေစလိုပါသည္။

အျပင္သေဘာမွာ လြယ္ေသာ္လည္း အတြင္းသေဘာမွာ မလြယ္ေသာ အရာမ်ားစြာ ရွိသည္။ မူလဘူတ အေၾကာင္းအရင္းကို သိမွ်သာလွ်င္ ကုသ ေပ်ာက္ကင္းႏိုင္မည္ ျဖစ္သည္။ အနာသိမွ ေဆးရွိမည္။

အက်ိဳးကို မကုဘဲ အေၾကာင္းကို ကုမွသာ ေပ်ာက္ကင္းႏိုင္မည္ ျဖစ္သျဖင့္ ေပါ့ေပါ့ဆဆ ေနသင့္ေသာ အရာမဟုတ္ေၾကာင္း ေရးသားလိုက္ရပါသည္။

About the author

Admin

Leave a Comment